26 C
Yangon

မြောက်ယမာတံတားတွင် ကြေးနီတွဲကားများကို လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်မှူး ဗိုလ်ဉာဏ်ထွန်း အပါအဝင် စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်-ယင်းမာပင်မြို့နယ် အစပ်ရှိ မြောက်ယမာတံတားတွင် ကြေးနီတွဲကားများကို လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်မှူး ဗိုလ်ဉာဏ်ထွန်း အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တိုက်နယ် ၂ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၁ ရက်နေ့တွင် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ယမ်စီဝမ်ပေါင်မှ ကြေးနီတွဲကား အကာအကွယ်ဖြင့် လုံခြုံရေး ယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တပ်ရင်း ၂၈ မှ ထွက်လာသောစစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးဗိုလ်ဉာဏ်ထွန်း အပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျန်တော်တို့မိုင်းဆွဲ တိုက်ခိုက်မှုမှာ ဗိုလ်မှူးဗိုလ်ဉာဏ်ထွန်း အပါအဝင် စစ်ခွေး ၅ ကောင်သေဆုံးတယ်။ စုစုပေါင်း ဒဏ်ရာရတာ ၇ ဦးရှိတယ်။ စစ်ခွေး စစ်ကြောင်းရှိလျက်နဲ့ ပြည်သူတွေ စစ်ခွေးတွေ အနီး မသွားလာဖို့ရာ အသိ‌ပေးလိုပါတယ်။ ပြည်သူတွေလည်း အန္တရယ်ရှိပြီး တိုက်ခိုက်သူများလည်း အခက်ခဲရှိ‌တာကြောင့် မသွားလာဖို့ မေတ္တာရပ်ခံပါတယ်” ဟု တိုက်နယ် ၂ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ မဲမှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Brother Defence Force BDF ၊တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Golden Star Force အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မိုင်းများ ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် လက်နက်ခဲယမ်းများ လိုအပ်‌နေသောကြောင့် တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း တိုက်နယ် ၂ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article