26 C
Yangon

စစ်ကိုင်းမြို့ ပန်းတောရပ်ကွက်နှင့် မကျည်းစဉ်ရပ်ကွက်မှ လူငယ် ၆ ဦးကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းတောရပ်ကွက်တွင်နေထိုင်သော ကျောက်ပွဲစား ကိုမောင်မောင် ကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ပြည်သူ့ ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၂ရက်၊ ညနေ ၄နာရီ ၂၂မိနစ်ခန့်တွင် ပန်းတောရပ်ကွက်တွင် နေထိုင်သော ကျောက်ပွဲစား ကိုမောင်မောင်ဆိုသူကို တကောင်းရပ်ကွက် ပျူစောထီးတစ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ကြီး မြင့်ဇော်တို့ ပူပေါင်းပြီး ကား ၅ စီးဖြင့် နေအိမ်အတွင်း ဝင်ရောက်ကာ ဖမ်းစီးသွားခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ကျောက်ပွဲစား မောင်မောင် အသက် အရွယ်က ၃၅နှစ်အရွယ်ပါ။ ငလျင်ဘေး ပြည်သူတွေကို ပစ္စည်းဝေတာ။ ဝေတော့ မောင်မောင်ဆိုတဲ့သူက သွားထုပ်တာ။ သူများတွေဆို ပစ္စည်းအစုံနဲ့ရတယ်။ သူ့ဝေတဲ့ အထဲမှာ ခြင်ထောင်မပါလို့ ဆဲဆိုခဲ့လို့ဆိုပြီး ခနနေတော့ သူ့နေအိမ်ကို ပျူခွေးနဲ့ စကစခန့်အုပ်ကြီးတွေက လိုက်လာပြီး ဝင်ရောက်ဖမ်းစီးသွားတာပါ။ ဖမ်းရင် ရဲစခန်းနဲ့ တပ်မ၃၃ က မဖမ်းလောက်ဘူးကို ပျူတွေနေတဲ့ တောင်ပေါ် ပဲ ခေါ်သွားဖို့များတယ်ကို၊ ခေါ်သွားရင်တော့ လူက အကောင်းတိုင်းတော့ ပြန်မလာနိုင်လောက်ဘူး။ နှိပ်စပ်ခံရပြီးမှပါ “ဟု ပြည်သူ့ ဘက်တော်သားအဖွဲ့က သတင်းတာဝန်ခံက ပြောဆိုသည်။

အလားတူ ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ မကျည်းစဉ်ရပ်တွက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက လူငယ် ၅ ဦးကိုလည်း နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ပေါ်တာဆွဲ ဖမ်းစီးသွားတာ။ ဒီနေ့လေ။ မနက် ၁၁ ခွဲလောက်က နေအိမ်ဝင်ဖမ်းတာပါ။ ဖမ်းဆီးသွားတဲ့ လူငယ်တွေ အမည်တွေ မသိရလောက်ဘူး။ ခုဟာ အဲ့ဘက်တွေက သွားလို့ လာလို့ အဆင်မပြေသေးလို့။ အသက် အရွယ်တွေ အကုန်လုံးကတော့ ၂၀‌ ကျော်တွေပါ။ ကားသုံးစီးနဲ့ဝင်လာပြီး ဖမ်းသွားတာပြောတယ် အင်အားနှစ်ဆယ်လောက်ရှိမယ်။ လက်ရှိမှာ လူငယ် ၅ ဦးကို ထွေအုပ်ရုံး နဲ့ တပ်မ ၃၃ တစ် ခုခုမှာ ဖမ်းဆီးထားပါတယ်”ဟု ပြည်သူ့ ဘက်တော်သားအဖွဲ့က သတင်းတာဝန်ခံကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article