26.3 C
Yangon

မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးသည်ဟု ကနဦးသိရ

Must read

ရန်ကုန်၊ မေ ၂၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်သူများလည်း ပါဝင်ပြီး သေဆုံးသူ အ‌ရေအတွက် ထက်တိုးနိုင်ကြောင်း သိရှိရသည်။

“မင်းကင်းမြို့နယ် တောင်တွင်းဒေသက မင်းစုနဲ့ သာစည်ရွာတွေကို စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာလို့ သိရတယ်။ သေဆုံးသူ ၁၀ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦးရှိတယ်လို့ ကနဦးသိရတယ်။ စိုးရိမ်ရတာ ၈ ဦးပါတယ်။ ကလေးတွေလည်း အများအပြားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article