26 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် ကျူးကျော်တပ်စွဲထားသော ဘလယ်ဒိုတပ်စခန်းကို KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

Must read

ရန်ကုန်၊ မေ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ကျူးကျော်တပ်စွဲထားသော ဘလယ်ဒိုတပ်စခန်းကို KNLA ၊ KNDO နှင့် PDF ပူးပေါင်း တပ်က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် လိုက်သည်။

ယနေ့ မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကော့ကရိတ်မြို့နယ် ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်မဟာ ၆ ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ − ဘလယ်ဒိုတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article