29 C
Yangon

မြိုင်မြို့နယ်၊ အိုရင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၃၈ မိနစ်ခန့်တွင် အိုရင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်းကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အမျိုးသမီ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၃ လုံးပျက်စီးတယ်လို့တော့ သိရတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ပါဘူး” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article