မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Ayar Daung အဖွဲ့က ပြေဆိုသည်။
မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အောင်သာ ဘဲရွာသစ်ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၁၀၀ ကျော်ခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပြည်သူ့စစ်များကို ပခုက္ကူခရိုင်လှုပ်ရှားတပ် တပ်ဖွဲ့ ၅ (ဧရာဒေါင်း) နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပခုက္ကူခရိုင် လှုပ်ရှားတပ်တပ်ဖွဲ့ ၅ (ဧရာဒေါင်း) မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် လှုပ်ရှားတပ် တပ်ဖွဲ့ ၅ (ဧရာဒေါင်း) ၊ ပေါက် ပကဖ B.L.Y ပျောက်ကျားတပ်ဖွဲ့ ၊ King.fighter.(SGF) ၊ ABSDF ကျောင်းသားတပ်မတော်အမှတ် (၃) စစ်ကြောင်းနှင့် ပေါက် ပကဖ ဇုံ ၄ တပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
