27 C
Yangon

တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာစစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က ပိတ်မိနေသော စစ်သားနှင့် ပျူစောထီးများကို စစ်ကူစစ်ကြောင်းများဖြင့် ကယ်ထုတ်သွား

Must read

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်တပ်က မြေပြင်နှင့် ဝေဟင် စစ်ကူပေးပြီး ပိတ်မိနေသော စစ်သားနှင့် ပျူစောထီးများကို ခေါ် ထုတ်သွားကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၅ ရက် နံနက် ၆ နာရီခန့်က တောင်သာမြို့နယ်၊ ထနောင်းကုန်းကျေးရွာရှိ ပျူစောထီးစခန်း အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအဝင်ရှိ ဘန်ကာအား RPG -7 ဖြင့် စတင်ဖြိုခွင်းတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့နောက် စစ်သား၊ ပျူစောထီးများနေထိုင်ရာ ဘန်ကာများအားဆက်လက်ဖြိုခွင်းတိုက် ခိုက်ခဲ့ရာ ဘန်ကာတစ်ခုချင်းဆီမှတဆင့် ပျူစောထီးခေါင်းဆောင် ထူးအောင်၏ နေအိမ် ၂ ထပ်တိုက် အထိ ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ စစ်သား၊ ပျူစောထီးများက ပျူစောထီးခေါင်းဆောင်၏ ၂ ထပ်တိုက်နေအိမ်အထိ ဆုတ်ခွာ သွားပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အကာအကွယ်ယူထားသော တိုက်ပေါ်သို့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲပြီး မြင်းခြံ ခရိုင်တပ်ရင်း ၃ မှ ရဲဘော် ၆ ဦးမစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့တွင်လည်း စစ်သား၊ ပျူစောထီးများ နေထိုင်ရာ ထူးအောင်၏ နေအိမ်ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ် ၊ Y12 လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော် ၄ ဦး ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေ ကြောင်းရန်ကြောင့် ညအချိန်တွင် နောက်သို့ ဆုတ်ခွာပေးခဲ့ရာ ပိတ်မိနေသော စစ်သား၊ ပျူစောထီး များက နင်းမိုင်း၊ တိုက်မိုင်း ၊ လျှော့တိုက်မိုင်းများ ထွက်၍ ဆင်ထားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ပျူစောထီးခေါင်းဆော်င ထူးအောင်၏ နေအိမ်အနီး ကပ်မရဖြစ်နေချိန် မီတာ ၁၀၀ အ ကွာအဝေးမှ ပိတ်ဆို့ထားရာ မြင်းခြံမြို့မှ သီတာယုမွန်ဦးဆောင်သော စစ်ကြောင်းနှင့် ထိပ်တိုက် တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပျူစောထီးခေါင်းအောင်အပါအဝင် ပိတ်မိနေသော စစ်သား၊ ပျူစော ထီးများသည် သီတာယုမွန်ဦးဆောင်သော စစ်ကြောင်းနှင့်အတူ လိုက်ပါသွားသဖြင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များလည်း ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ပွဲကာလ ၃ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁၄ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကျည်ခဲ ယမ်းများစွာ အသုံးပြုခဲ့ရပြီး ပြန်လည်ဖြည့်တင်းရမည်ဖြစ်သဖြင့် ပြည်သူများက ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါရန် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article