ရန်ကုန်မြို့နှင့် မိုင် ၅၀ ကျော်အကွာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူးမြို့၊ ဘောနက်ကြီးတဝိုက်ရှိ စစ်တပ်ဂိတ်စခန်းများနှင့် စစ်ကြောင်းများကို တော် လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက် ၁၆ လက်သိမ်းဆည်းရရှိကြောင်း ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၈ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် ပဲခူးမြို့နယ်၊ ဘောနက်ကြီး – ဇောင်းတူ – တိုက်ကြီးမိုင် ၅၀ လမ်း ပိုင်းတစ်နေရာရှိ စစ်အင်အား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသော ဇီးတောရွာ စစ်ကောင်စီ၏ ဂိတ်ကင်းစခန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း သိရ သည်။
“ အချိန် ၄ နာရီလောက်အချိန်ယူချဉ်းကပ်ပြီး ဝင်တိုက်ခဲ့တာပါ၊ သူတို့အလစ်အငိုက်မိသွားလို့ ထွက်ပြေး တာ၊ တန်းနေတာပဲ၊ လက်နက်က ကင်းစောင့်တဲ့လူလောက်ပဲ ပေးထားပြီး ကျန်တာ တိုက်ထဲ သိမ်းထား တာဆိုတော့ အားလုံးနီးပါးလောက် သိမ်းဆည်းရရှိခဲ့ပါတယ်၊ တိုက်ပွဲအားလုံး ကျနော်တို့ ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါဘူး” ဟု ပဲခူးခရိုင် တပ်ရင်း အမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယင်းစစ်တပ်ဂိတ်စခန်းအတွင်းမှ G4 အမျိုး အစား သေနတ် ၂ လက်၊ G3 အမျိုးအစားသေနတ် ၂ လက် ၊ G2 အမျိုးအစားသေနတ် ၁ လက်၊ M1 ကာဘိုင်အမျိုးအစား သေနတ် ၉ လက်၊ ၇ ဒသမ ၆၂ ကျည် ၇၈၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ဘောက် ၂၀ ခု၊ M1 ကာဘိုင်ကျည် ၉၅၁ တောင့်၊ ကာဘိုင် ကျည်ဘောက် ၁၈ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၃၉ တောင့်နှင့် ၅ ဒသမ ၅၆ ကျည်ဘော်တို့ကို သိမ်းဆည်း ရရှိခဲ့ပြီး စစ်ကောင်စီဂိတ်ကင်းစခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၂၂ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂ မိုင် ၇ ဖာလုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင်လည်း ပဲခူးမြို့နယ်၊ ဘောနက်ကြီး – ဇောင်းတူ – တိုက် ကြီးမိုင် ၅၀ လမ်းပိုင်းတနေရာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကြား ဖြတ်တိုက် ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့၏ ဒုတပ်စိပ်မှူးအပါအဝင် ၄ ဦးသေဆုံးပြီး M1 ကာဘိုင်အမျိုးအစား သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁ တပ်ခွဲ ၃ (ရွှေချောင်းတပ်ခွဲ) မှ ရဲဘော် များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကို စစ်ကြောင်းထိုးနေကြောင်း သိ ရှိရသည်။
“ကျနော်တို့မှာ အရေးပေါ် ကျည်လိုအပ်ချက်တွေရှိနေပါတယ်၊ ကျနော်တို့ ခွန်အားရှိသလာက် ရင်းစရာရှိတာ အကုန်ရင်းပြီး ကြိုးစားနေပါတယ်၊ အခုချိန်မှာ ကျနော်တို့ကို နယ်သူ၊ နယ်သားတွေ အားလုံး ဝိုင်းဝန်းကူညီပံ့ပိုးစေချင်ပါပြီ။ ကျနောတို့အိမ်ပြန်လမ်းတွေ နီးသထက်နီးလာပြီမို့ ကျနော်တို့ နဲ့အတူတူ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ပဲခူးခရိုင် တပ်ရင်း အမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) မှ တာဝန်ရှိ သူက ပြောဆိုသည်။
လက်ရှိ တိုက်ပွဲများမှာ ရန်ကုန်မြို့နှင့် မိုင် ၅၀ ပတ်လည်အတွင်း ရောက်ရှိလာနေပြီး တော်လှန်ရေးတပ်များက နေရာပေါင်းစုံ ဖြန့်ကျက်ကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

