25 C
Yangon

ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းရွာကို မီးလာရှို့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို

Must read

ရန်ကုန်၊ မေ ၂၇

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းရွာကို မီးလာရှို့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၂၆ ရက်နေ့ နေလယ် ၁ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် သိုက်ချောင်းရွာကို မီးလာရှို့သော အစစ်င်အား ၅၀ ဦးပါ အကြမ်းဖက်စစ်‌ ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သိုက်ချောင်းရွာရှိ ပြည်သူနေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ မီးရှို့နေစဉ်အတွင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ အမှတ် ၁ တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၄ ၊တပ်ခွဲ ၅ နှင့် ပေါက်ခေါင်း ပကဖ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က လက်နက်ကြီး၊လက် နက် ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲအတွင်း သေဆုံးစစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူများကို မေလ ၂၆ ရက်နေ့ ည ၈ နာရီခွဲ အချိန် ကားများဖြင့် ပြန်လည် တင်ဆောင်ပြီး ပေါက်ခေါင်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန် ခေတ် သစ်သတင်းဌာနသို့ ရှင်းပြသည်။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးမှု အခြေအနေ တိုးတက်များပြားနေပြီး ယခုမေလအတွင်း သစ်ပုတ်စစ်စခန်းနှင့် သိမ်ကုန်းတာဝါတိုင်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article