29.3 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်က လိုင်စင်မဲ့ကား နဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးဖို့ ညွှန်ကြားထားပေမယ့် သူ့လက်အောက်ခံ စစ်တပ်၊ ရဲ နဲ့ ဌာနဆိုင်ရာတွေက လိုင်စင်မဲ့ကား နဲ့ ဆိုင်ကယ်တွေကို ဆက်လက် အသုံးပြုပြီး ပြည်သူတွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကိုသာ အဓိကဖမ်းဆီးနေတယ်လို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ကချင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် ၂ စီးကို KIA -PDF ပူးပေါင်းတပ်တွေက ပစ်ချပြီးတဲ့နောက် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်တွေက ပြန်လည်စတင်တဲ့ ဒီကနေ့ မေလ ၂၇ ရက်နေ့မှာပဲ စစ်ကောင်စီရဲ့ ဗန်းမော် စကခ ၂၁ အနီးမှာရှိတဲ့ ဝင်းလိုက်ဟိုတယ် တပ်စခန်း အပါအဝင် ကာကင်းစခန်းတွေကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှု တွေကို အာဆီယံက အရေးယူဖို့ လိုအပ်ပြီး ကြေညာချက်ထုတ်ပြန်ရုံတင်မကပဲ လက်တွေ့ကျကျ အရေးယူပေးဖို့ NUG က တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article