26.6 C
Yangon

ကျောက်ကြီးမြို့၊ တာင်စုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တာင်စုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦးအရှင် ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Falcons Guerilla Force အဖွဲ့က ပြောဆိုသည်။

မေလ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့ အနီး တောင်စုကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးကိုလည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို FALCONS (စွန်ရဲ) တပ်ဖွဲ့ ၊ KLNA တပ်ရင်(၈) တပ်ရင်း(၉) ၊ PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည်ဆုတ်ခွာ သွားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်ရှိချိန်ထိ တောင်စုကျေးရွာကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article