စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ခံ ဗိုလ်တိုက်ဂါး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၅ ရက်နေ့တွင် ရွှေဘိုမှ တံခွန်တိုင်၊ ကြောင်မန်းကန်၊ သစ်ချိုပင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သား ၃ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး အင်အား ခန့်မှန်ခြေကတော့ ၇၀ ဝန်းကျင်လောက် ရှိတယ်။ စစ်ခွေး အသေစာရင်းတော့ အတိကျမရှိပါဘူး။ ခန့်မှန်းခြေကတော့ ခွေး ၃ကောင်သေတယ်လို့ သိရတယ်။ နယ်မြေခံတွေမေးကြည့်တော့ သွေးကွက်တွေတွေ့တယ်။ ပြီးတော့ သူတို့အချင်းချင်းကြောင့်တစ်ယောက်သေတယ်။ အပေါ်ယံရင် မြုပ်ထားခဲ့တာတဲ့။ထိခိုက်မှု သေချာပေါက်ရှိပါတယ်။တစ်ယောက်ကတော့ အဲ့မှာပဲမြုပ်ထားခဲ့လို့။ အဲ့ဝာာပဲသိရတာ။ သူတို့ ရှေ့တိုး နောက်ဆုတ် မလွယ်တာရယ် ထိခိုက်တာရယ်ကြောင်ထင်တယ်။ Mi 35နဲ့ လာပစ်သေးတယ်။ ညနေ ၃နာရီဝန်းကျင်လောက်ကြောင်မန်းကန် ပတ်ချာလည်ပစ်သွားတာပါ”ဟု ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့ (Phoenix Wings) ၊ BLACK WOLF-ARMY ၊ Dragon Urban Guerrilla ၊ ပြည့်သူ့အစေခံ အဖွဲ့ ၊ လှတော တိုက်နယ် တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
