28 C
Yangon

ကျောက်ကြီးမြို့နယ် ခမရ ၅၉၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

Must read

ရန်ကုန်၊ မေ ၂၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ခမရ ၅၉၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃ အာဠာဝကစစ်ကြောင်း ထံမှ သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးလုံးသည် ခမရ ၅၉၉ တပ်ရင်းကို ပို့ဆောင်ခံရသူများဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ မေလ ၂၈ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် အပတ်စဉ် ၉ သင်တန်းဆင်းများဖြစ်ပြီး ကိုမင်းမင်းဇော်၊ ကိုဝိုင်းချစ် နှင့် ကိုမြင့်ဇော်ထွေး တို့ဖြစ်ကြောင်း သိရသည်။

“အလင်းဝင်လာမယ့် သူတွေရှိရင်လည်း ဘာမှ မ‌ကြောက်ကြပါနဲ့ သူတို့ပြောသလို တော်လှန်ရေး တပ်ဖွဲ့တွေက သတ်ဖြတ်မယ်ဆိုတာ မဟုတ်ပါဘူး။ နွေးနွေးထွေးထွေး ကြိုဆိုနေတာပါ” ဟု အလင်းဝင်ရောက်လာသူများက ပြောဆိုသည်။

ယင်း စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ်ရင်း) ကို အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များက နွေးထွေး ကြိုဆိုကာ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article