ရန်ကုန်၊ မေ ၃၀
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို မေလ ၃၀ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။