27 C
Yangon

ထိုင်း- မြန်မာ နယ်စပ်ရှိ စခန်းသိမ်း တိုက်ပွဲများမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား အားလုံးကို ထိုင်းစစ်တပ်က BGF ထံ ပြန်လွှဲပေး

Must read

ရန်ကုန်၊ မေ ၃၀

ထိုင်း-မြန်မာ နယ်စပ်ရှိ စခန်းသိမ်း တိုက်ပွဲများမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံးကို ထိုင်းစစ်တပ်က BGF ထံ ပြန်လွှဲပေးခဲ့ကြောင်း တော်လှန်ရေး ထောက်ပို့လုပ်ဆောင်နေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်​နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဘလယ်ဒိုတပ်စခန်းမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၆၂ ဦးကို ထိုင်းစစ်တပ်က မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ် BGF ထံ ပြန်လည်လွှဲပေးခဲ့ကြောင်း သိရသည်။

မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်း ထိုင်း-မြန်မာနယ်စပ် အနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနှင့် ဘလက်ဒိုစခန်းများ၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းများကို KNU က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်ထွက်ပြေး နေခြင်းဖြစ်ပြီး ထိုင်းစစ်တပ်ကလည်း ထွက်ပြေး တိမ်းရှောင်လာသော စစ်ကောင်စီ တပ်သားများကို ဆက်တိုက် လိုက်လံ ဖမ်းဆီး နေကာ ကရင်နယ်ခြားစောင့်တပ် BGF ထံ လွှဲပြောင်း ပေးပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေလ ၂၈ ရက်နေ့ကလည်း ဆုံဆည်းမြိုင်တွင် အင်အား ၇၂ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ တပ်သား ၂၂ ဦးသည်လည်း ထိုင်းနိုင်ငံအတွင်းထွက်ပြေးသွားပြီး ယင်း စစ်ကောင်စီ တပ်သားများကိုလည်း ထိုင်းစစ်တပ်က မြန်မာနိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်း ပေးပို့ရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

” ဘလယ်ဒိုက ၆၂ ယောက်ကတော့ မြဝတီ ပြန်ပို့ပေးတယ်။ ဆုံဆည်းမြိုင် ၂၂ ဦးကတော့ စစ်နေတယ်။ နောက်ထပ် မိတာ တွေလည်း ထိုင်း စစ်တပ် က စစ်နေတယ် ။ ဝေါလေ ဗျူဟာပြန်ပို့မလား။ မြဝတီ နယ်ခြား ကော်မတီက တစ်ဆင့် ၂၇၅ ကို ပြန်ပို့ မလား ဆိုတာ တော့ မသိရသေးဘူး။ အခုက ဒီနေ့ မိတာတွေလည်း စာရင်းတော့ မသိရသေးဘူး” ဟု ဒေသတွင်း တော်လှန်ရေး တပ်ရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင် ဒေသ များတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA မဟာ မိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

photo credit – အေအေစီ ကိုရဲမင်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article