27 C
Yangon

ပဲခူးနှင့် ကရင် အစပ်ရှိ တောင်ငူ-လိပ်သို လမ်းပိုင်းကို စစ်ကြောင်းထိုးလာ‌သော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မေ ၃၀

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်ရှိ တောင်ငူ-လိပ်သို လမ်းပိုင်းကို စစ်ကြောင်းထိုးလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် တောင်ငူ-လိပ်သို လမ်းမကြီးရှိ သံမိုးတောင်-ကောပတ်ခြံ-ကမ္ဗလာခြံ လမ်းပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝရဇိန်တပ်ဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး အသေအပျောက် စာရင်းကိုတော့ ကျနော်တို့ စီစစ်နေပါတယ်။ ဆက်လက် ထုတ်ပြန်သွားပါ့မယ်” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖြတ်တောက် တိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့ နှင့်အတူ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article