27 C
Yangon

ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး လက်နက် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်

Must read

ရန်ကုန်၊ မေ ၃၀

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် လက်နက် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ကြောင်း ကလေးမြို့ပြ ပျောက်ကြား စီမံချက် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၈ ရက်နေ့မှစတင်ပြီး ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာသော အင်အား ၅၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် မေလ ၂၁ ရက်နေ့တွင် ကလေးမြို့ပြ ပျောက်ကြား စီမံချက် UG အဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော တပ်သားသစ် ၆ ဦးသည် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၉၁ တပ်ရင်းမှ ဖြစ်ပြီး စစ်မှုထမ်း အပတ် ၇ နှင့် ၈ မှ တပ်သားသစ်များဖြစ်ကာ ကလေးမြို့ပြ ပျောက်ကြား စီမံချက် UG အဖွဲ့ထံ MA-3 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည် ၄၇၆ တောင့်၊ ကျည်ဘောက် ၁၄ ခု နှင့် အခြားစစ် သုံးဆောင်များပါ ယူဆောင်လာခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်များပါ ယူဆောင်လာသည့် အလင်းဝင်ရောက်လာသောကြောင့် ၎င်းတို့ ၆ ဦးကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

“သူတို့က လက်နက်တွေပါ ယူဆောင်လာပြီး အလင်းဝင်လာတော့ ကျနော်တို့က ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အတင်းအဓမ္မ တပ်သားစုဆောင်းပြီး အသေခံ တိုက်ခိုင်းတဲ့ အနေအထားဖြစ်တဲ့အတွက် စစ်ကောင်စီ တပ်သား များတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေး အဖွဲ့များထံမှာ CDM လုပ်ပြီး လာရောက် ပူးပေါင်းစေချင်ပါတယ်။ လက်နက်ခဲယမ်းတွေ ယူဆောင်နိုင်ခဲ့ရင်တော့ ပိုကောင်းတာပေါ့” ဟု ကလေးမြို့ပြပျောက်ကြား စီမံချက် UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article