ဒီကနေ့ မေ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင် ကံမြင့်သန်း အပါအဝင် အရာရှိကြီးတွေနဲ့ လက်နက်စက်ရုံမှူး ၂၈ ဦးရဲ့ အမည်စာရင်းကို နိုင်ငံတကာနဲ့ NUG က အရေးယူနိုင်ရေးအတွက် တမာဖွံ့ဖြိုးရေးအင်စတီကျုက ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာက စစ်တပ်စခန်းကို သိမ်းပိုက် ရရှိခဲ့ရာ PNO ပြည်သူ့စစ် ဗိုလ်မှူး အပါအဝင် စစ်သားအများအပြား သေဆုံးကာ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ငလျင်အတွက် အလှူရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက လှူဒါန်းထားတဲ့ ငွေကြေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ထွေ/အုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ဖြတ်ယူထားတယ်လို့ အဲဒီမြို့နယ်အတွင်း ပရဟိတစေတနာရှင်အဖွဲ့အစည်းတချို့က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
