26 C
Yangon

ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ရန်နှင့် တော်လှန်ရေး လုပ်မစားရန် KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် သတိပေး

Must read

ရန်ကုန်၊ မေ ၃၁

တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ရန်နှင့် တော်လှန်ရေး လုပ်မစားရန် KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးလိုက်သည်။

ယနေ့မေလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်းဖြစ်သည်။

“ရဲဘော်တို့ မိမိတို့၏ ရာထူးများကို အလွှဲသုံးစားမပြုဘဲ လူထုများနှင့်တစ်သားတည်းရပ်တည်ရန် လို အပ်ပါတယ်။ ပြည်သူလူထုအပါအဝင် ပြည်တွင်းပြည်ပမှ အထောက်အပံ့များကို အလွဲသုံးစား မပြု ရန်နှင့် တော်လှန် ရေး မလုပ်စားရန် လိုအပ်တယ်။ တော်လှန်ရေးအတွက် မှန်ကန်ထိရောက်သည့် နေရာတွင်သာ အသုံးပြုရန် လိုအပ်တယ်။ လက်ရှိနိုင်ငံရေး အရွေ့နှင့် မိမိတို့တော်လှန်ရေးသမိုင်း အစဉ်အလာကိုလည်းသတိမမေ့ကြရန် ပြောကြားလိုတယ်။ ရန်သူများ၏ သွေးခွဲစကားများနှင့် အမျိုး သားရေးညီညွှတ်မှု ထိခိုက်စေမည့် ပုဂ္ဂိုလ်များကို သတိပြုကြရန် လိုပါတယ်။” ဟု KA/KNDF စစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောကြားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းခဲ့သည်မှာ ၄ နှစ်တိတိ ပြည့်ပြီဖြစ်သဖြင့် အ ကောင်းအဆိုး၊ အကျိုးအကြောင်းလည်း သိရှိပြီးဖြစ်ကြောင်း၊ KNDF တပ်ဖွဲ့သည် လက်နက်ကိုင် တပ် ဖွဲ့ တစ်ခု သာဖြစ် ၍ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သည်ကို သိရှိရန် လိုအပ်ကြောင်း အသိပေးထား သည်။

လက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ အမိန့်ညွှန်ကြားချက်ကိုသာ တစ်စိုက်မိုက်မိုက် လိုက်နာ ရမည်ဖြစ်ပြီး နိုင်ငံ ရေးကိုလည်း နားလည် သိရှိရထားရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် လိုက်နာရမည့် ကျင့်ဝတ်၊ ဥပဒေစည်းကမ်း၊ လူထုအရေး၊ ကလေးသူငယ်၊ အမျိုးသမီးအရေး၊ မူးယစ်ဆေးဝါးများကို ကာကွယ်တိုက်ဖျက်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် တာဝန်ကျရာဒေသတွင် ဘိန်းစိုက်ပျိုး ခြင်းများ တားမြစ်ရန် အထူး လိုအပ်ကြောင်း ဆက်လက်အသိပေးထားသည်။

၄ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ စိန်ခေါ်မူများနှင့် ရဲဘော်လူငယ်များ၏ အသက်သွေးချွေးများ ၊ ပြည်သူလူထုအိုးအိမ်မြေယာများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊ ထို့သို့ ဆုံးရှုံးမှု၊ ပေးဆပ်ရမှုများသည် ဓမ္မတာပင်ဖြစ်ပြီး ကရင်နီအမျိုးသားများနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံ သား တိုင်းရင်းသားများအားလုံး လွတ်မြောက်ရေးအတွက် ယနေ့တော်လှန်တိုက်ပွဲသည် ခရီးရောက် နေပြီဖြစ်ကြောင်း KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောဆိုသည်။

“ရဲဘော်တို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်သည် လက်နက်ကိုင်တပ်တစ်ခုဖြစ်သည် နှင့် အညီပြည်သူလူထု အိုးအိမ်များကိုကာကွယ် စောင့်ရှောက်ရန်၊ ဥပဒေနှင့်အညီ ပြုမူနေထိုင်ကျင့်ကြံ ရန် တပ်တွင်းစည်းလုံးညီညွှတ်မှု နှင့် ပြည်သူလူထုများအားကိုးရသည့် တပ်တော်အဖွဲ့ဖြစ်ရန် အထူး လိုအပ်သည် ဟုပြောကြားလိုပါတယ်။ ၄ နှစ်တာကာလအတွင်း အသက်စွန့် ပေးဆပ်သွားကြသည့် ရဲဘော်ရဲဖက်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကူညီဖေးမစောင့်ရှောက်ရန် နှလုံးသွင်းထားကြဖို့ အထူးအသိပေးလိုတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရာထူးနှင့် တာဝန်ဝတ္တားရားကို ခွဲခြားသိမြင်ရန်၊ မိမိတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်းချက်များ မပျောက်ပျက်သွားရန် အထူးလိုအပ်ပြီး၊ ကရင်နီသည် သမိုင်းအစဉ်အလာကြီးမားသည့် အမျိုးသား များဖြစ်သောကြောင့် သမိုင်းကြောင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာအောင်မြင်မှုလမ်း ဆီသို့ ဆက်လက်ချီတက်သွားကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article