ဒီကနေ့ မေ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တိုင်းပြည်မှာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိနေပေမယ့် ပြည်ပထွက်သူတွေ များနေတာရော ပြည်ပက ပစ္စည်းတွေ တရားမဝင် တင်သွင်းနေတာတွေကြောင့်ပါ နိုင်ငံခြားငွေ လိုငွေတွေပြနေတဲ့အပြင် စျေးနှုန်းတွေပါ မြင့်တက်နေရတယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားပြန်ပါတယ်။
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့မှာ အာရက္ခတပ်တော် AA ရဲ့ လက်ချက်နဲ့ စနိုက်ပါမိပြီး ပွဲချင်းပြီးသေသွားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင် ဆိုသူကို သေသွားပြီးတော့မှ ဗိုလ်မှူးချုပ်ရာထူးတစ်ဆင့်တိုးပေးလိုက်ပြန်တယ်လို့ စစ်တပ်အသိုင်းအ၀ိုင်း နဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ရန်ကုန်မြို့မှာ သန်းခေါင်စာရင်းထဲမှာပါတဲ့ စစ်မှုထမ်း အကျုံးဝင်သူ လူငယ်တွေကို ရှာလို့ မရတော့ရင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ခံပြီး လူအစားထိုး ရှာဖွေပေးရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်က အမိန့်ပေးညွှန်ကြားထားပြန်တယ်လို့ မရမ်းကုန်းမြို့နယ်၊ ထွေအုပ်ဦးစီးဌာန သတင်းရင်းမြစ်ကိုယ်တိုင်ပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
