25.5 C
Yangon

အောင်ဇေယျစစ်ကြောင်းသို့ ပို့ဆောင်ခံရ‌သော ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် ခမရ ၁၁၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ထက်စည်သူ KNLA ထံ အလင်းဝင်

Must read

ရန်ကုန်၊ မေ ၃၁

အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသို့ ပို့ဆောင်ခံရ‌သော ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် ခမရ ၁၁၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ထက်စည်သူ KNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်း ခံရသူဖြစ်ပြီး ထိုသို့ ဖမ်းဆီးခံရပြီးနောက် ၉၁၀ စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံရကာ ရပ်စောက်မှ တဆင့် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၂ တပ်ရင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပေါ်တာဆွဲခံရတာဗျ။ ပေါ်တာဆွဲခံရပြီးတော့ ၉၁၀ စုဆောင်းရေးကို ပို့တယ်။ ပြီးတော့ ရပ်စောက်ဘက်ကို ပို့တယ်။ အောင်ဇေယျ စစ်ကြောင်းမှ မနေချင်တော့လို့ ကျွန်တော် ဒီဘက်ကိုလည်း ယုံကြည်လို့ အလင်းဝင်လာလိုက်တာ” ဟု တပ်သားသစ် ထက်စည်သူ ကပြောဆိုသည်။

ထိုသို့ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်မည့် စစ်ကောင်စီ တပ်သားများကိုလည်း အထက်အရာရှိများက သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တော်လှန်ရေးဘက်ကို အလင်းဝင်မယ်ဆိုရင်လည်း သတ်ပစ်မယ်။ အဲဒီလိုတွေ ခြိမ်းခြောက်တယ်။ နားထဲ အဲဒီလိုတွေ ရိုက်ထည့်တယ်။ မင်းတို့ အသက်မပြည့်ဘူးဆိုရင်တောင်မှ မင်းတို့ကောင်းတွေကို ရှေ့တန်းကို ပို့မယ်။ မင်းတို့ ခြေထောက်တွေကို သံခြေကျင်းခတ်ပြီးတော့ အဲဒီလိုတွေ ပြေထားတယ်။ တကယ် မြေပြင်မှာတော့ ညီအစ်ကိုလို ဆက်ဆံတယ်ဗျ။ လက်ဖျားနဲ့ တစ်ချက်မှ မထိဘူး။ မိသားစုလိုပဲ ထားတယ်။ အခုချိန်အထိလည်း မိသားစုလိုပဲ ထားတယ်။ စားရေးသောက်ရေး နေရေးထိုင်ရေးက အစ အကုန်လုံး စီစဉ်ပေးတယ်” ဟု တပ်သားသစ် ထက်စည်သူ က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article