26.3 C
Yangon

ထိုင်းပြန် စစ်သားများက သင်္ဃန်းညီနောင်ဗျူဟာကုန်းသို့ စစ်ကြောင်းထိုးရန် ထွက်လာ၍ KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်၊ မြ၀တီမြို့ ခလရ ၂၇၅ ကိုပါ တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်

Must read

ရန်ကုန်၊ ဇွန် ၁

ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြင့်ပြန်လည် စုဖွဲ့ထားသော စစ်တပ်စစ်ကြောင်းက သင်္ဃန်းညီနောင်ဗျူဟာကုန်းသို့ စစ်ကြောင်းထွက်လာသဖြင့် KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ညနေ ၆ နာရီအချိန် မြ၀တီမြို့၊ ခလရ ၂၇၅ မှ ထိုင်းပြန် စစ်သားများဖြင့် ပြန်လည် စုဖွဲ့ထားသော စစ် ကြောင်းက သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ရန် အတွက် စစ်ကြောင်းထွက်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို မြ၀တီမြို့နယ်၊ ရွှေမြစန္ဒီ ကွက်သစ် အနောက်ဘက်၊ တုံးတံတား နေရာတွင် KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

“ထိုင်းဘက်ကို ထွက်ပြေးပြီး ပြန်ပို့ခံရတဲ့ စစ်သားတွေက မြ၀တီ ခလရ ၂၇၅ တပ်ထဲကနေ စစ်ကြောင်း စုဖွဲ့ပြီး သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ပြန်သိမ်းဖို့ ထွက်လာတယ်။ အဲဒါကို လမ်းကနေ ဖြတ်တိုက်တာပါ။တိုက်ပွဲ ပြင်းထန်တယ်။ တစ်ညလုံး တ၀ုန်း၀ုန်း တဒိုင်းဒိုင်းနဲ့ ချနေကြတာ” ဟု KNLA စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် KNLA ဦးဆောင်သော မဟာမိတ်တပ်များက မြ၀တီမြို့ ခလရ ၂၇၅ တပ်ရင်းထဲတွင် ရှိနေသော စစ်တပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ ည ၁၀ နာရီခွဲလောက်မှာ ခလရ ၂၇၅ တပ်ထဲကိုပါ ဒီဘက်က တော်လှန်ရေးတပ်တွေက သွားပစ်တယ်။ အဲဒီ ခလရ ၂၇၅ မှာ ပြန်စုဖွဲ့ပြီး စစ်ကြောင်းထိုးလာလို့” ဟု KNLA သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြန်လည် ဆုတ်ခွာချိန်တွင် စစ်တပ်က ပြန်လည် ဝင်ရောက် နေရာယူခဲ့သော တပ်ရင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article