ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူများနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် လမ်းလျှောက်ပွဲတွင် မြန်မာ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူများကလည်း “Myanmar Junta Has No Pride” ၊ တော်လှန်အလံတွေလွှင့်ကြ အာဏာရှင်တွေဖြုတ်ချ ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖာ်သူများက “Myanmar Junta Has No Pride” ဆိုသည့် စာသားနှင့်အတူ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများထံမှ သိရှိရသည်


