အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြေညာထားသော်လည်း အပြောနှင့်အလုပ် မညီပဲ PNLA ဒေသကို လက် နက်ကြီးများဖြင့် တိုက်ခိုက်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန် ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသတွင်းသို့လည်းကောင်း၊ ဇွန်လ ၂ ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသအတွင်းသို့ လည်း ကောင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသ်ည။
“မနေ့ကလည်း ကျနော်တို့ဌာနချုပ်ဘက်ကို ဦးတည်ပြီးတော့မှ လက်နက်ကြီးတွေပစ်လာတာ ၁၀ ကြိမ်ထက်မနည်းဘူးပေါ့၊ သူ့တို့ ပါးစပ်ကတော့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးတယ်လို့ ကြေ ညာတာပေါ့၊ ဒါပေမယ့် လက်တွေ့မြေပြင်မှာက တိုက်ပွဲဖြစ်ပွားမှု၊ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပဲနဲ့ တ ဖက်သတ်ကြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပေါ့၊ ဒါက အပြောနဲ့အလုပ်မညီဘူးလို့ ပြောရမှာ ပေါ့” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန် ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေအထိ အပစ်ခတ်ရပ်စဲရေးကာလ တစ်လ သက်တမ်း တိုးထားကြောင်း ထုတ် ပြန်ကြေညာသော်လည်း ၎င်းတို့၏ အောက်ခြေ တိုင်း၊ ဗျူဟာများနှင့်အပေါင်း ပါ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လိုက်နာဆောင် ရွက်ခြင်းမရှိတော့ပဲ ပစ်ခတ် တိုက်ခိုက် နေ ခြင်းဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။
