25 C
Yangon

မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်ဖမ်းဟုဆို

Must read

ရန်ကုန်၊ ဇွန် ၃

မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော် ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း ပြင်ဦးလွင်ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုသည့်အတွက် ရန် ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က မေလ ၅ ရက် နေ့တွင် အမှုဖွင့်ခဲ့ကြောင်း၊ ဇော်ဘုန်းဟိန်းက ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် စစ်တပ်အရာရှိကြီးများကို ဝေဖန်မှုများ ဆက်လက် လုပ် ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် ဇွန်လ ၂ ရက်နေ့တွင် စစ်တပ်က ဇော်ဘုန်းဟိန်းကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

“ဖမ်းသွားတာကတော့ သေချာတယ်။ ညှိနှိုင်းပြီး ပြန်ထွက်လာရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ညှိနှိုင်းပြီး ထွက်ဖို့တော့ ခက်မယ်ထင်တယ်။ သူ့ကို စွဲထားတာက အမှုတွေများတယ်လို့ သိရတယ်” ဟု ရဲသတင်းရင်း မြစ်က ပြောဆိုသည်။

ရန်ကုန်အခြေစိုက် မဘသအသိုင်းအ၀ိုင်းကမူ ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် အမှုတပ်ဖမ်းဆီးထားသည်ဟု သိရှိရပြီး ၎င်းကို ပြန်လွှတ်ပေးရေး မဘသ ဦး ဆောင် သူတချို့က စစ်တပ်နှင့် ညှိနှိုင်းနေကြောင်း ပြောဆိုသည်။

ဖမ်းဆီးမခံရခင် ဇော်ဘုန်းဟိန်းက စစ်လော်ဘီများဖြစ်ကြသည့် ကျော်စိုးဦး၊ သဇင်ဦးတို့နှင့် မုံရွာမြို့ ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကိုင်းနှင့် မန္တလေးသို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article