30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားတွေ ၊ ဆိုင်ကယ်တွေကို စီမံချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးနေရာမှာ ငွေညှစ်ခံရမှုတွေ ၊ ထောင်ဒဏ် ၁ လချခံရမှုတွေနဲ့ စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရမှုတွေ အကြီးအကျယ်ဖြစ်နေတယ်လို့ သက်ဆိုင်ရာ ဒေသခံတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်းက ပုဂံမြို့သစ် ဂန့်ဂေါရပ်ကွက်ဇရပ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါင်းဆောင် ဇော်ဇော် အပါအဝင် ပျူစောထီး ၉ ဦးဟာ ပြည်သူတွေဆီကနေ ဆက်ကြေး ကောက်နေတဲ့အချိန် တော်လှန်ရေးရဲဘော်တွေက ဝင်ရောက် ပစ်ခတ်မှုရာမှာ ပျူစောထီးခေါင်းဆောင် ဇော်ဇော်အပါအဝင် ပျူ ၈ ဦးကတော့ နေရာမှာတင်ပွဲချင်းပြီးတွေကို သေကုန်ကြပြီး သူတို့ရဲ့ ဆိုင်ကယ် ၂ စီးနဲ့ လက်နက်ခဲယမ်းအချို့ကိုပါ ရရှိထားတယ်လို့ ထနောင်းမြေ PDF စစ်ကြောင်းရဲ့ ရဲဘော်မူတူး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ မှော်စီဇာလုပ်ကွက်မှာရှိတဲ့ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကား နဲ့ ဘက်ဟိုးကားတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးဝင်ရှို့ဖျက်ဆီး သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article