32 C
Yangon

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Peacock Drone Team Myaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်ကာ အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ဂိတ်စခန်းအတွင်းကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် သော်လည်း အရေအတွကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း ဂိတ်စခန်း၌ တာဝန်ကျနေသော ပျူစောထီး အမျိုးသမီးများသည် ကြောက်လန့်၍ သံပြားကာ ကားများဖြင့် မုံရွာမြို့သို့ ထွက်ပြေးသွားကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သေဆုံးထိခိုက်မှုကတော့ စုံစမ်းလို့မရသေးပါဘူး။ ရွာထဲကို ပြည်သူတွေလည်း အဝင်အထွက် မရှိတော့ဘူး။ ဒရုန်းနဲ့ချပြီး သိပ်မကြာတဲ့ အချိန် အဲဒီစခန်းမှာ လာပြီး တာဝန်ချတဲ့ ပျူစောထီးတွေထဲက မိန်းကလေးတစ်ချို့ သံပြားကာ ကားနဲ့ ထွက်သွားတယ်လို့တော့ သိရပါတယ်” ဟု Peacock Drone Team Myaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PEACOCK Drone Team ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၂ GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၇ B-21 ကနီ PDF ၊ NPDF ယင်းမာပင် ၊ M.D.F drone ကျားခင်စိန် ၊ အားမန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung)၊ အောင်သပြေညီနောင် Local PDF (ကျောက်ဆည်) ၊ ဗိုလ်စာကလေး Drone Strike (ကျေးရွာတပ်ပေါင်းစုမြောင်) ၊ Freedom Fighter Drone Force F.F.D.F ၊ Farmer Revolution Force (FRF) မုံရွာခရိုင်အမှတ် ၈ ၊ ရေနဂါးပြည်သူကာ ကွယ်ရေးတပ်တော်(လင်းယုန်ကြီး) နှင့် Hawk Guerrila Force တပ်ဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article