29 C
Yangon

ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှ သရက်သီး ထွက်ကောက်သည့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှ သရက်သီး ထွက်ကောက်သည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း နွေဦးညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ ဗိုက်တေဇက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် မြောက်ပိုင်း ကုက္ကိုစုပျူရွာမှ သရက်သီး ကောက်ရန် ထွက်လာသည့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ကင်းပုန်းဝတ် စောင့်ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ကုက္ကိုစုပျူစေထီးရွာမှ ပျူစောထီး ၃ ဦး သေဆုံးကာ ၎င်းတို့ ကိုင်ဆောင်သည့် Ak 47 သေနတ် ၁ လက်၊ ကျည် ၂၆ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်တာတော့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်ကပါ။ ပျူစောထီးတွေ ထွက်လာတာ အင်အား ၆ ဦးပါ။ ပျူစောထီးတွေ ဘက်ကတော့ ပြန်လည် ပစ်ခတ်တာမျိုးရှိပါတယ်။ ပျူစောထီး ၃ ကောင်သေတယ်။ ပျူစောထီး အမျိုးသမီး တစ်ဦးလည်း ပြင်းထန် ဒဏ်ရာရတယ်လို့ သတင်းရပါတယ်” ဟု နွေဦးညီနောင်-ပြောက်ကျားတပ်ဖွဲ့ မှ ဗိုက်တေဇက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နွေဦးညီနောင် တပ်ဖွဲ့ ၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပေါက် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article