အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် အဆောက်အအုံပြင်ပရှိ Broken Chair အောက်တွင် အကြမ်းဖက် စစ်ကောင်စီကို ILO ဥပဒေဖြင့် အရေးယူပေးရန် နိုင်ငံတကာ အလုပ် သမား ကိုယ်စားလှယ်များက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း NUG အစိုးရက ၊ အလုပ်သမားဝန်ကြီးဌာန ထံက သိရသည်။
ယနေ့ဇွန်လ ၄ ရက် နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ၏ ပြင်ပတွင် ရှိသည့် Broken Chair အောက်တွင် မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုကို ကမ္ဘာ့အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ ညီလာခံတက်ရောက်လာကြသည့် ညီလာခံ ကိုယ်စားလှယ်များမှ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းဆန္ဒပြပွဲမှတဆင့် အကြမ်းဖက်စစ်ကောင်စီ အပေါ် ထိရောက်သည့် အရေးယူမှုများ ဆက်လက် ဆောင်ရွက်ရန်၊ Article 33 အရ စစ်ကောင်စီအပေါ် အရေးယူနိုင်ရေးကိစ္စကို ညီလာခံ တက်ရောက် လာသူများမှ လိုအပ်သည့် မဲခွဲဆုံးဖြတ်သည့် နေ့ကိုရောက်လျှင် မြန်မာပြည်သူနှင့်အတူတူ ရပ်တည် ရေး ကိစ္စရပ်များကို တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
နိုင်ငံတကာအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ ညီလာခံတက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ် စားလှယ်များ၊ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့ကြသူများက မြန်မာပြည်သူများနှင့် အတူတူ ရပ်တည်ကြောင်း၊ မြန်မာပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်နိုင်ရေးအတွက် Article 33 အရ အရေးယူရေးကိစ္စရပ်များကို တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ဖြစ်သည့် အမျိုးသားညီညွတ် ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့်အတူ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကိုယ်စားလှယ်များ အသီးသီးမှ အမှာစကား ပြောကြားခဲ့ကြပြီး မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်ကို မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၁၁၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားရေးရာ ကော်မတီ – 113th ILC ကို အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက် ခဲ့ကြောင်း၊ ၁၁၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားရေးရာ ကော်မတီ – 113th ILC ကို သုံးပွင့် ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ရသည့် ရည်ရွယ်ချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အ လုပ်သမားဝန်ကြီးဌာနမှ တင်သွင်းထား သည့် ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံရန်နှင့် အ ကြမ်း ဖက် စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေး အတွက် ဖြစ်ကြောင်း အသိပေးထားသည်။
ယခုညီလာခံတွင် မြန်မာပြည်အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ အလုပ်သမား အ ခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် မြန်မာပြည်တွင် စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စသည့် အကြမ်းဖက်ကျူးလွန်နေမှုများကို ရပ်တန့်ရန်အတွက် 113th ILC မှ ထိရောက်သည့် နည်း လမ်းများဖြင့် ပိတ်ဆို့အရေးယူရမည့် ကိစ္စရပ်များကို ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြ ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ ဆောင်ရွက်မှုများကြောင့် 113th ILC ညီလာခံသို့ တက် ရောက် လာကြသည့် နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ ဝင်များက စစ်ကောင်စီအနေဖြင့် ဝင်ငွေဆက်လက် ရရှိနေမည်ဆိုပါက ပြည်သူများအပေါ်တွင် သတ် ဖြတ်မှုများ ဆက်လက်ကျူးလွန်နေမည်ဖြစ်ပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့် အရေး ချိုးဖောက်မှုများကို ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ရှိသဖြင့် လိုက်နာမှုပျက် ကွက်ခဲ့သောကြောင့်စစ်ကောင်စီ အပေါ် ထိရောက်သည့် အရေးယူမှုမျိုး အရေးယူပေးရန် ဆုံးဖြတ် ချက် ချမှတ်ခဲ့ကြောင်း သိရသည်။


