26 C
Yangon

ထီးလင်းနှင့် ဆော တို့တွင် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ ထီးလင်းမြို့နယ် နှင့် ဆောမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၅ ရက် ညနေပိုင်းတွင် ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း ထီးလင်းမြို့နယ် တောင်ပိုင်းကိုလည်း အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

“ဆောမြို့နယ်ညောင်ကန်ရွာထဲ တည့်တည့်ကျပြီး ဗုံးကွဲတာ ပြည်သူ ၄ ဦးသေတယ်။ ၅ ဦး ဒဏ် ရာရတယ်။ ညနေပိုင်းမှာပဲ ကျဲသွားတာ တခြားထိခိုက်ပျက်စီးမှုကတော့ မသိရသေးဘူး။ ထီးလင်းမှာ ကျဲသွားတာ ရွာထဲမကျတဲ့အတွက် ပြည်သူထိခိုက်သေဆုံးမှုမရှိဘူး” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ယောဒေသကို အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၆ ကြိမ် ထက်မနည်းရှိခဲ့ပြီး ထိုသို့ တိုက်ခိုက်မှုများအတွင်း ဂျက်ဖိုက်တာများအပြင် Y12 ထောက်ပို့လေယာဉ်များဖြင့်လည်း ဗုံးသီးများ ကျဲချကာ တိုက်ခိုက်ခဲ့မှုရှိ ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း ပြည်သူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထက်မနည်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article