27.4 C
Yangon

သထုံမြို့နယ်တွင် အင်ဥထွက်ရှာသည့် ပိန္နဲတောရွာသား တီးစောလားထုကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

Must read

ရန်ကုန်၊ ဇွန် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အင်ဥထွက်ရှာသည့် ပိန္နဲတောရွာသား တီးစောလားထုကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၂၉ ရက်နေ့တွင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှ အသက် ၅၂ နှစ်အရွယ် တီးစောလားထုသည် အင်ဥရှာဖွေရန် တောထဲသို့ သွားရောက်စဉ် တပ်ချိန်းရန်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကာ လမ်းခုလတ်တွင် ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၂၈ ရက်နေ့က အင်အား ၁၀၀ ကျော်ဖြင့် ပိန္နဲတောရွာတွင် တပ်စွဲပြီး စကခ ၈ တပ်စခန်းတွင် ညအိပ်ကာ မေလ ၂၉ ရက်နေ့တွင် ဝင်းတာပန် စစ်တပ် စခန်းကို တပ်ချိန်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်း၌ မည်သည့် တပ်ရင်းနှင့် တပ်မမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းမှုများလုပ်ဆောင်နေကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article