27 C
Yangon

အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အထက် ခပေါင်းဆည် ရေလွှဲတမံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ် အတွင်းရှိ အထက် ခပေါင်းဆည် ရေလွှဲတမံတွင် အထိုင်ချ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ နာရီခန့် ဖြစ်ပွားခဲ့ပြီး စခန်းတစ်ခုလုံးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းအတွင်းမှ G3 သေနတ် ၃ လက် ၊ MA-11 သေနတ် ၁ လက်၊ အီနာဂါ ၅ လုံး ၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ကာ ၂ ထည် တို့ သိမ်းပိုက်ရရှိခဲ့ပြီး စခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းသည် အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းကို လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“အဲနေ့ တိုက်ပွဲက အားလုံးပေါင်း စစ်ခွေး ၁၁ ကောင်သေတယ်။ ၄ ကောင်ဒဏ်ရာရတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ရဲဘော် ၂ ဦး မစိုရိမ်ရ ဒဏ်ရာရတယ်။ အဲခွေးဂိတ်စခန်းက အရင်ကတော့ ၁၅ ကောင်ကျော်ရှိတယ်။ ကျနော်တို့ သွားတိုက်တဲ့နေ့မှာတော့ ၇ ကောင်ပဲရှိတယ်” ဟု A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article