25.1 C
Yangon

မြန်မာ့အရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေမှု အမေရိကန်ရှိ ကုလသမဂ္ဂဆိုင်ရာတရုတ်သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြ

Must read

ရန်ကုန်၊ ဇွန် ၇

မြန်မာ့အရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေမှုအပေါ် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာတရုတ်သံရုံးရှေ့တွင် ယနေ့ ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြကြသည်။

တရုတ်အစိုးရက စစ်ကောင်စီဘက်မှ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်နေမှုများ ရပ်တန့်ပေးရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့် NYCBC အဖွဲ့က ဆန္ဒပြကြခြင်းဖြစ်သည်။

အဆိုပါကန့်ကွက်ဆန္ဒပြပွဲတွင် တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီ၏ ပြုလုပ်မည့် အတုအယောင် ရွေးကောက် ပွဲကို မထောက်ခံရန်၊ မြန်မာစစ်တပ်ကို လက်နက်များ မထောက်ပံ့ရန်၊ မြန်မာပြည်သူများ၏ အခက်အခက်အခဲများကို ထောက်ထားပေးရန် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။

တရုတ်အစိုးရက မြန်မာ့အရေးတွင် သိသိသာသာ ဝင်ရောက်စွက်ဖက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မြန်မာစစ်တပ်နှင့် တိုက်ပွဲ မဆင်နွှဲဘဲ ငြိမ်းချမ်းရေးစကားပြောရန်၊ စားပွဲ၀ိုင်းတွင် ဆွေးနွေးရန်နှင့် စစ်ကောင်စီထံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်သိမ်းယူထားသော နယ်မြေများကို စစ်တပ်ထံသို့ပြန်လည်ပေးအပ်ရန် ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း သိရှိရသည်။

Photo by KyawSoe Latt

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article