26 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းယားရှည်ရွာတွင် ဂိတ်ထိုင်ပြီး ငွေကောက်နေသည့် စစ်တပ်မှ တပ်ကြပ်ကြီး စိုးရာဇာ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၇

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းယားရှည်ရွာတွင် ဂိတ်ထိုင်ပြီး ငွေကောက်နေသည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး စိုးရာဇာ ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကိုင်းယားရှည်ရွာ၌ ဂိတ်ထိုင်ပြီး ငွေကောက်နေသည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး စိုးရာဇာ ကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း တပ်ကြပ်ကြီး စိုးရာဇာ သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံး ၊ ကျည် ၉ တောင့် ၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံး ၊ ငွေကျပ် ၁၅၀၀၀ ၊ မှတ်ပုံတင် နှင့် စစ်မှုထမ်းဟောင်း ကတ်ပြား တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

“သူက စစ်ခွေး တပ်ကြပ်ကြီးပါ။ ကျနော်တို့ ဝင်ပစ်တဲ့ အချိန်မှာ သေနတ်ကျည် ၃ ချက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးတယ်။ ကိုင်းယားရှည်ရွာမှာ ဂိတ်ထိုင်ပြီး ငွေကောက်ခံနေတဲ့ အချိန် ဝင်ပစ်ခဲ့တာပါ” ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article