26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံတစ်ဝှမ်း လိုင်စင်မဲ့ကား နဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးဖို့ အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြား ခဲ့တဲ့ နောက်ကွယ်မှာ သူ့ရဲ့ သားနဲသမီး တင်သွင်းနေတဲ့ လျှပ်စစ်ကားတွေ မရောင်းရတော့တဲ့အချက်က အဓိက ပါဝင်နေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

-ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အထက်က ခပေါင်းဆည် ရေလွှဲတမံမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ဂိတ်းစခန်းနဲ့ စစ်ကူ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သား ၁၁ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ သေနတ် ၄ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ A. D .G Brothers တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးအိုးဘိုထောင်မှာ အကြမ်းဖက် စစ်ကောင်စီက အစ္စလမ်ဘာသာဝင်တွေရဲ့ ဒီကနေ့ ကျရောက်တဲ့ နေ့ထူးနေ့မြတ် (အစ်နေ့)မှာတောင် ဝတ်ပြုဆုတောင်းခွင့်မပေးပဲ ပိတ်ပင်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article