26 C
Yangon

ထားဝယ်၊ ကစယ်ဒိုမြို့နယ်‌ရှိ ကျောက်အိုင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်‌ရှိ ကျောက်အိုင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း KNU – Mergui-Tavoy District က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မြိတ်-ထားဝယ် ခရိုင်၊ ကစယ်ဒိုမြို့နယ်‌ တောင်ပျောက်ကျေးရွာအုပ်စုရှိ ကျောက်အိုင် (ကွီးလေး)ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အရွယ် စောသန်းဝင်းထွေး နှင့် အသက် ၅၅ နှစ်အရွယ် ဦးသန်း‌အောင်‌တို့ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article