26.2 C
Yangon

ရန်ကုန်-မန္တလေး လမ်းပိုင်းအနီးရှိ အနောက်ဘိုကုန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၇

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းပိုင်းအနီးရှိ အနောက်ဘိုကုန်းရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းနှင့် မိုင်တိုင် ၃ မိုင်ခန့်ကွာဝေးသော အနောက်ဘိုကုန်းကျေးရွာ အတွင်းကို ဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့က ၃ မိုင်ခန့် ဝေးတယ် အနောက်ဘိုကုန်းကျေးရွာထဲကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်လာတုန်း အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၆ ကောင်သေတယ်။ အထိအခိုက်များပြားတယ်။ ခွေးစစ်ကြောင်းက ရှိနေသေးတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်” ဟု A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article