25.6 C
Yangon

မြိတ်မှ တနင်္သာရီဘက်သို့လာသည့် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၇

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့လာသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့လာသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရမ်းဖို‌ကျေးရွာ ဆီအုန်းကုန်းအရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ‌သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ ကား ၂ စီးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့ နှင့် KNLA တပ်ရင်း ၁၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article