26.8 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် အလုံပိတ်ကုန်တင်ယာဉ်ဖြင့် ခိုးဝင်လာသော မြန်မာလူငယ် ၄၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၈

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကုန်တင်ယာဉ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာလူငယ် ၄၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယမန်နေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန် ကန်ချနဘူရီအတွင်းတွင် အလုံပိတ်ကားဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာရွှေ့ပြောင်း လူငယ် ၄၈ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့သည် ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းနှင့် ရေလမ်းမှ ဝင်ရောက်လာကြကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၄၈ ဦးတွင် အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ အလုံပိတ်ကုန်တင်ယာဉ်တွင် မြန်မာ ၄၈ ဦးလုံး ကျပ်တည်းစွာဖြင့် လိုက်ပါလာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ ၄၈ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article