ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံး၌ တပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင် ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီ ၃၅ မိနစ်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ် တပ်လက် အောက်ခံ မြို့နယ်တရားရုံး၌ တပ်စွဲကာ လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သား များကို ၇၉ မမ လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း သိရသည်။
“ပစ်မှတ်ကို တည့်တည့်ကျတယ်။ ထိရောက်မှုရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံး၊ ပျက်စီး မှုကတော့ စုံစမ်းနေတုန်းပါ၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Yangon Army – YA တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် တောင်ဒဂုံမြို့နယ်မှ ပြည်သူတချို့ကို ဆက်သွယ်မေးမြန်းရာ ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုဘဲ တောင်ဒဂုံတွင် ည ၈ နာရီကျော်ပါက လမ်းပေါ် လူသူမရှိတော့ဘဲ အများစုသော ပြည်သူများမှာ အပြင်မထွက်ကြတော့ကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
