ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Rama II လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် ကွန်ကရစ်အချပ်လွှာ ပိမိပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယနေ့ နံနက်အစောပိုင်း အသက် ၃၉ နှစ်အရွယ် မြန်မာအလုပ်သမားသည် လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ရေ မြောင်းအတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျပြီး ကွန်ကရက်လွှာအချပ်က ၎င်းအပေါ်သို့ ပိကျလာကြောင်း၊ ယင်းနောက် ကယ်ဆယ်ရေးသမားများက ရေမြောင်း အောက်ခြေ နွံ့အတွင်း ကွန်ကရစ်ပြားမိနေသော ၎င်းကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ဆေးရုံတင်ပို့စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ခွင်သည် အမြန်လမ်းဆောက်လုပ်ရေး လုပ်ငန်းခွင် အစိတ်အပိုင်းဖြစ်ပြီး အမြန်လမ်းအောက်ရှိ ရေနုတ်မြောင်းအတွင်း ဝင်ရောက်အလုပ်လုပ်နေစဉ် မြေပြိုကျမှုနှင့် ကွန်ကရစ်ချပ်လွှာ ပိမိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက မတော်တဆမှု ဖြစ်ပွားသည့်အကြောင်းအရာကို စုံစမ်းစစ်နေကြောင်း သိရှိရသည်။



