29 C
Yangon

ဖယ်ခုံမြို့နယ်၊ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁၉ နှစ်အရွယ် ကျောင်းသား ၁ ဦး ဦးခေါင်းကျည်ထိမှန်သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၈

ကရင်နီပြည်နှင့် ရှမ်းပြည်နယ် အစပ် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၉ နှစ်အရွယ် ကျောင်းသား ၁ ဦး ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာကို ကျရောက် ပေါက်ကွဲခဲ့ကာ နေအိမ်အတွင်း စာလေ့လာနေတဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသား ၁ ဦး လက်နက်ကြီးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများလည်းရှိကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ ကလေးငယ်လေးက စာအရမ်းတော်ပြီး မိဘတွေကို သိတတ်တဲ့ ကလေးလေးပါ။ အမေဖြစ်သူလည်း နှလုံးရောဂါအခံရှိတော့ အခုထိ သူများတွဲထူနေရတယ်။ မိဘတစ်ယောက်ရဲ့ ခံစားချက်တွေကို ဒီမိစ္ဆာတွေ နားလည်မယ် မထင်ဘူးဗျာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖယ်ခုံမြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ပျံဝဲ ကင်းထောက်နေခြင်းကြောင့် ပြည်သူများ ဗုံးခိုကျင်းများအနီး သတိပြုနေထိုင်ကြရန် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article