28 C
Yangon

ရေးမြို့နယ် အာယုတောင်ရွာထိပ်ရှိ စစ်တပ် ဂိတ်စခန်းကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်သားအားလုံး ပြန်လည် ခုခံခြင်းမရှိဘဲ ထွက်ပြေး

Must read

ရန်ကုန်၊ ဇွန် ၈

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ရွာထိပ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်စဉ် စစ်သားအားလုံး ပြန်လည် ခုခံခြင်းမရှိဘဲ ထွက်ပြေးကြောင်း ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ဂိတ်စခန်းကြီးကို ရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားအားလုံး ပြန်လည် ခုခံခြင်းမရှိဘဲ ဂိတ်စခန်းကို စွန့်ခွာကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်က ပြန်လည် တိုက်ခိုက်မှု မရှိဘဲ ဆုတ်ခွာသွားပါတယ်။ အခု စစ်တပ်ဘက်က တပ်အပြင်ဘက်ထွက်တာ အရမ်းနည်းပါးသွားပါပြီ နောက်နေရာတွေလည်း ဝင်ရောက်ရှင်းနိုင်ခဲ့တယ်။ အားလုံးပေါင်း ၅ နေရာတိတိ ပြန်လည် ဆုတ်ခွာသွားပါတယ်” ဟု ရေးဘီလူးတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ အာယုတောင်ထိပ်(သစ်စက်) စခန်း၊ အာယုတောင်ရွာ (ဝါးကျောင်း) စခန်း၊ ကွန်ဒူးကျေးရွာ (ဘုရားကုန်း) စခန်း၊ ဖော့်ထော်ကျေးရွာထိပ် (ကွမ်းသစ်တော့) စခန်းရှိ အကြမ်းဖက်စစ်ကောင်စီဝင်များသည် ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article