28 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်မှစတင်ကာ မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွှာကို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော ခမရ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် လယ်သစ်ရွာ၊ ကျောက်ပြုတ်ကျေးရွာတို့၌ တပ်စွဲထားသော ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု များပြားပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျားထိုး၍ ကျောက်ပြုတ်ကျေးရွာ အနီးထိ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုများပြားခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“စစ်ခွေးတွေ ၂၀ ထက်မနည်းထိခိုက်သူ ရှိတယ်လို့သိရပါတယ်။ သေတာတော့ ၅ ကောင်လောက်ရှိတယ်။ ထိခိုက်ကများတယ်။ စကစ က နံနက်အစေားကြီးကတည်းကရောက်နေတာ အင်အား၁၀၀လောက်နဲ့ စစ်ခွေး သေတာ ၅ ကောင်သေတယ်။ အထိခိုက်ကများတာ။ ဆေးရုံရောက်ပြီးသေတာကတော့မသိရဘူး” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံတိုက်နယ် ၃ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နှင့် နယ်မြေခံ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article