30 C
Yangon

ကလေးများ အပါအဝင် ၄ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရရှိသော ပန်ရပ် ​ကျေးရွာ နေအိမ်စာသင် ကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရမှု နေရာလိပ်အစာအတိအကျဖြင့် ဒလန်သတင်းပေးမှုကြောင့်ဟုဆို

Must read

ရန်ကုန်၊ ဇွန် ၁၀

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အစပ်၊ ကျိုက်မ​ရောနှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ ပန်ရပ် ​ကျေးရွာ နေအိမ်စာ သင် ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးမှုမှာ နေရပ်လိပ်စာအတိအကျဖြင့် ဒလန်သတင်းပေးမှုကြောင့် ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်တပ်က ပန်ရပ်ကျေးရွာအတွင်းရှိ နေအိမ်စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုလက်ရှိသိထားတာက ဗုံးကျဲခံရတာက ထွေ/အုပ်စာရေးက နေရာလိပ်စာအတိအကျနဲ့ စာသင်ချိန်ကိုပါ စစ်တပ်ဆီ သတင်းပို့ရာကနေ ဗုံးကျဲခံရတာပါ။ သတင်းပေးသူက ထွေ/အုပ်စာရေး မင်းကိုငယ်ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိ ဒဏ်ရာရရှိသူ ပြည်သူ ၃၅ ဦးအထက်ကိုလည်း ဆေးရုံတင်ပို့ ကုသနေရပြီး အသက်အန္တရာယ်စိုးရိမ်ရသူများပါဝင်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article