25.6 C
Yangon

သံတောင်ကြီးရှိ ၁၃ မိုင်နှင့်ကျောက်လုံးကြီးစစ်တပ်စခန်းများနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ၁၃ မိုင်စစ်စခန်း၊ ကျောက်လုံးကြီးစခန်းနှင့်စစ်တပ်စစ်ကြောင်း ကို တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း People Defense Force Thandaung အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သံတောင်မြို့နယ်၊ သံတောင်-လိပ်သို-တောင်ငူလမ်းပိုင်း တနေရာတွင် ဧပြီလ ၁၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ အလားတူ မေလ ၆ ရက်မွန်းလွဲ ၂ နာရီ ၁၉ မိနစ်တွင် သံတောင်မြို့ရှိ ၁၃ မိုင်စခန်းကို ၆၀ မမ လက်နက်ကြီးများ ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့အတူ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၂ မိနစ်ကလည်း တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံး ကြီး စစ်တပ်စခန်းကို ၄၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင်မေလ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ကလည်း ကျောက်လုံးကြီးစခန်းမှ ထွက်လာပြီးလမ်းကင်းယူ နေသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ မေလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၁ မိနစ်အချိန် ကျောက်လုံးကြီး စစ်တပ်စခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အပြန်အလှန်သဘောမျိုးမဟုတ်ပေမယ့် စခတွေရဲ့ ထုံးစံအတိုင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထု တာတော့ရှိပါတယ်။ သူတို့လုပ်တတ်တာလည်း ဒါပဲရှိတာလေ။ ပြည်သူတွေအနေနဲ့ အားတင်း ထားပေးကြပါ၊ ရောင်နီလာတော့မှာပါ၊ အထူးသဖြင့် လူငယ်အမျိုးသားတွေ စစ်မှုထမ်းမပါအောင် အတတ်နိုင်ဆုံးနေကြပါ” ဟု People Defense Force Thandaung အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို တောင်ငူခရိုင်၊ တပ်မဟာ ၂ ၊ တပ်ရင်း ၅ ၊ လက်အောက်ခံ People Defense Force Thandaung ၊ MLB စစ်ကြောင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

People Defense Force Thandaung အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို အရှိန် အဟုန်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မကြာမီအချိန်ကာလအတွင်း အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုစိုက် နေထိုင် ပေးကြပါရန်၊ လူငယ်များအနေဖြင့် စစ်မှုထမ်းပေါ်တာဆွဲခြင်းမခံရအောင် အထူးဂရုစိုက် နေထိုင် ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article