25.6 C
Yangon

ပုလဲမြို့နယ်တွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထား

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယနေ့ မွန်းတည့်ပိုင်း ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထားကြောင်း ဒေသတော်လှန်ရေးရဲဘော်များက ပြောဆိုသည်။

“ဦးခေါင်းခွံ့ ရတယ်။ ဦးနှောက်တွေလားတော့မသိဘူး အပုံလိုက်လေး အဲဒါလည်း တွေ့တယ်။ အလောင်း အကောင်လိုက်တော့ မရဘူး။ ပေါက်ကွဲပြီး လေယာဉ်မှူး ကိုယ်ခန္ဓာတွေက အကုန်ပြန့်ကျဲကုန်တာထင်တယ်။ မီးလောင်နေတာက ဘုန်းကြီးကျောင်းထဲ လေယာဉ်ပျက်ကျပြီး လောင်တာ” ဟု ဒေသတော်လှန်ရေးရဲဘော်က ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

PLA က ပစ်ချလိုက်သည့် ဂျက်ဖိုက်တာလေယာဉ်သည် ပုလဲမြို့နယ်၊ စပါးစေ့ရွာ၊ဘုန်းကြီးကျောင်းဝင်းအတွင်း ပျက်ကျသွားခဲ့ခြင်းကြောင်း Union Liberation Front တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article