29 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကျဲတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် ဂျက်ဖိုက်တာ ၁ စီးကို တော်လှန်ရေးတပ်တွေကပစ်ချလိုက်ပြီး လေယာဉ်ဟာ ဘုန်းကျောင်းထဲမှာ မီးလောင်ပျက်ဆီးသွားတဲ့အပြင် လေယာဉ်မှူးရဲ့ ဦးခေါင်းခွံနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ရရှိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ရန်ကုန်မြို့က အကြမ်းဖက် စစ်ကော်စီရဲ့ မှော်ဘီလေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးရဲဘော်တွေက အသေခံ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦးကတော့ အသီးသီး သေကုန်ကြပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင် ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရ က ရပ်တန့်ခဲ့ပေမယ့် အခုအခါ စစ်ကောင်စီက ရုရှားအကူအညီနဲ့ ပြန်ကြိုးစားနေမှုဟာ အာဆီယံ နဲ့ ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ NUG ကပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article