27 C
Yangon

ညောင်ရွှေနှင့်ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ PDF ၊ သတင်း နှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့က ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ညောင်ရွှေ မြို့နယ်၊ ရေပူကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်ပါးစေတပ်ဖွဲ့PNO/PNA ပြည် သူ့စစ် တို့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့အချိန်အထိလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ၅ ဦးထက်မနည်းသေဆုံးကာ တော် လှန်ရေးပူးပေါင်းတပ်များဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

“ရေပူမှာက အင်အားက ၁၀၀၀ အထက်ရှိမယ်။ တိုက်ပွဲအခြေအနေက ဒီနေ့အထိ ပြင်းထန်နေတုန်း ပဲ၊ ကုန်းသာတိုက်ပွဲမှာလည်း စခတွေ သေဆုံးထိခိုက်မှုရှိပါတယ်” ဟု ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ PDF ၊ သတင်း နှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင်ရှမ်းတောင်နှင့် ကရင်နီနယ်စပ်ဒေသ ကုန်းသာကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်ကိုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် နှင့်အတူ ဖယ်ခုံPDF 1006 တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိပြီး ဖယ်ခုံမြို့နယ်တစ်ဝှမ်းတွင် စစ်ရေးအခြေနေများ တင်းမာ လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်နေမှုကြောင့် ကလေး သူငယ်နှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထို့ကြောင့် ပြည်သူများ အနေဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကို သွားလာခြင်း၊ နေထိုင် ခြင်း မပြုကြရန်နှင့် စစ်ရေးသတိပေးချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် PNO/PNA ပြည်သူ့စစ်မှ ဦးဆောင်လမ်းပြမှုဖြင့် စစ်ကြောင်းထိုး နေခြင်းဖြစ်ပြီး ၎င်းတို့ရောက်ရှိရာ ကျေးရွာများမှ ပြည်သူများအား အတင်းအကြပ်ဖမ်းဆီးကာ စစ်မှု ထမ်း စေခိုင်းခြင်း၊ ငွေကြေးများအတင်း အဓမ္မတောင်းခံခြင်း၊ ကျေးရွာနေပြည်သူများကို ညှင်းပန်းနှိပ် စက် ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ PDF ၊ သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article