32 C
Yangon

ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ နေထိုင်သော ကျေးရွာများကို စစ်တပ်ကရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေ၍ ရာနဲ့ချီသော စစ်ရှောင်များ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇွန် ၁၁

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ နေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေ၍ ရာနဲ့ချီသော စစ်ရှောင်များ ထွက်ပြေးနေရကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ စစ်‌ဘေးရှောင်ပြည်သူများ နေထိုင်သောကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး။ စစ်ဘေးရှောင် ပြည်သူတွေ ရာနဲ့ချီရှိတဲ့ အရှေ့ဖက်ကမ်းက ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာပါ။ နေအိမ်တွေတော့ ထိခိုက် ပျက်စီးမှုရှိတယ်” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများ၊ ရှော့တိုက်ဒုန်းများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် လက်ရှိချိန်တွင်ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article